စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၁၆ ရက်တွင် " ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ" စာတန်းအား ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၁၅ ရက်မြောက် ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
ယင်း ဆန္ဒပြမှုသည် ၁၀၂ နှစ်ပြည့် အမျိုးသားနေ့အောင်ပွဲ ၁၃ ရက်တာ လှုပ်ရှားမှုအဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အခက်အခဲ အကြပ်အတည်းကြားမှ တကျော့ပြန် လူထုအုံကြွမှုများကို ဒေသအနှံ့တွင် ပြန်လည်ဖော်ဆောင်ရေးအတွက် လူထုတရပ်လုံး ပူးပေါင်းပါဝင်ကြရန် အထူးအရေးကြီးနေပြီ ဖြစ်သည်ဟု သပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။