.
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ
ကျောင်း ၂ ကျောင်းတွင် ယနေ့ နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက မွေးနေ့ပွဲ ကျင်းပရာမှ ကလေးငယ်များ
အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.လက်ရှိတွင် လူမှုကူညီရေးပရဟိတအသင်းများမှ
အရေးပေါ် လူနာတင်ကားများဖြင့် ကလေးငယ်များကို ဆေးရုံ တင်ပို့ပေးလျက်ရှိပြီး အစာအဆိပ်သင့်မှုဖြစ်ပွားသည့်
ကလေးငယ်အရေအတွက်ကို အတိအကျ မသိရသေးကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ပရဟိတအသင်းမှ
တာဝန်ရှိသူက ပြောဆိုထားသည်။
.
အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည့်
ကျောင်းများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်ရှိ ရာဇဂြိုလ် ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းနှင့် အမက ၂၉ ကျောင်းများမှဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကလေးငယ်များကို
စံပြဆေးရုံ၊ ရန်ကင်းကလေးဆေးရုံနှင့် မြောက်ဥက္ကလာပဆေးရုံများသို့ ပို့ဆောင်ပေးလျက်
ရှိကြောင်း သိရသည်။
.