ကရင်နီပြည်နယ်တွင် အောက်တိုဘာအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကရင်နီပြည်နယ်တွင် အောက်တိုဘာအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံး

.

ကရင်နီ (ကယား) ပြည်နယ်တွင် အောက်တိုဘာလအတွင်း တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၈ ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန် ထားသည်။

.

.

လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေပြီး ရှားတော၊ ဘောလခဲနှင့် ဖရူဆိုမြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်စခန်းများနှင့် ကင်းပုံးစခန်းများအား အရှိန်မြင့် တိုက်ခိုက်ခဲ့ကာ ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့ပတ်ဝန်းကျင် ကျေးရွာများတွင် နှစ်ဘက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီတပ်များသည် ရှမ်း-ကယားနယ်စပ် ပီကင်းကောခူ၊ ဆောင်ကန်းကျေးရွာများနှင့် မိုးဗြဲမြို့အထိ နယ်မြေ ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိပြီး စစ်ကြောင်း ၂ ကြောင်းဖြင့် လွိုင်ကော်မြို့မှ ဆောင်ကန်းကျေးရွာနှင့် ဝါရီကိုင်းကျိုင်း ကျေးရွာဘက်သို့ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း KNDF က ဆိုသည်။

.

အောက်တိုဘာအတွင်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းနှင့် ရှားတောမြို့နယ်တို့တွင်လည်း စစ်ကောင်စီ တပ်စခန်း များ၊ ကင်းပုန်းစခန်းများကို ကရင်နီပူးပေါင်းတပ်များမှ ရှောင်တခင် တိုက်ခိုက်ခဲ့ပြီး ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ စစ်ကောင်းစီ၏ မဲ့စလောင်းတောင် တပ်စခန်းအနီးတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး ဘောလခဲမြို့ အဝင် အထွက် စစ်ကောင်စီတပ်၏ဂိတ်များကိုလည်း ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

.

အလားတူ ဖရူဆိုမြို့နယ်တွင်လည်း စစ်ကာင်စီတပ်စွဲထားသော မြို့မရဲစခန်းနှင့် ဖရူဆိုမြို့အဝင် ထီးကလူဒေါကျေးရွာရှိ ကင်းစခန်းများကို ကရင် နီပူးပေါင်းတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီ၏ မာခရော့ရှေးတပ်စခန်းနှင့် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်း အနီးရှိကင်းစခန်းများကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့မှ အလစ်အငိုက်တိုက်ခိုက်နိုင်ခဲ့ကြောင်း KNDF က ဆိုသည်။

.

စစ်ကောင်စီတပ်သည် အောက်တိုဘာအတွင်း အရပ်သားများကို ပစ်မှတ်ထားပြီး ဒီးမော့ဆိုမြို့နယ် ၊လွိုင်ကော်၊ ဖရူဆို မြို့နယ်များရှိ ပြည်သူများ ခိုလှုံနေသော စစ်ရှောင်စခန်းများနှင့် လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ ရကြောင်း KNDF က ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats