တောင်ကြီးမြို့၊ မြို့မစျေးကြီးမြောက်ဘက်ရှိ ကုန်သည်လမ်းပေါ်၌ စည်းကမ်းပျက်ယာဥ်များကြောင့် လမ်းပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
လမ်းဘေးဝဲယာတွင် ကုန်တင်ကုန်ချ ပြုလုပ်သည့် ယာဥ်များနှင့် ယာဥ်လိုင်းဂိတ်အချို့မှ စည်းကမ်းပျက် ရပ်နားထားသည့် မော်တော်ယာဥ်များကြောင့်ယာဥ်ကျော ပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု သိရသည်။
.
" အဲဒီလမ်းထဲက သွားလိုက်တိုင်း လမ်းပိတ်တာနဲ့ ခဏခဏ ကြုံရတယ်။ ကုန်တင်ကုန်ချ လုပ်တဲ့ ကားတွေကလည်း နှစ်ထပ်လောက် ရပ်ပြီး လုပ်နေကြတာ။ အေးသာယာကိုသွားတဲ့ လိုင်းကားတချို့ဆိုလည်း သူတို့ ကိုယ်ပိုင်လမ်းအတိုင်း ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံနဲ့ ရပ်ချင်သလိုကို ရပ်ထားကြတာ" ဟု တောင်ကြီးဒေသခံ တစ်ဦး က ပြောသည်။
.
ယာဥ် နှစ်ထပ် မရပ်ရ ၊ လမ်းလယ်ကျွန်း ဝဲယာတွင်ယာဥ်မရပ်ရ ဟူသည့် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားသော်လည်း အရေးယူဆောင်ရွက်မှု လုံးဝ မရှိသည့်အတွက် စည်းကမ်းပျက် ယာဥ်ရပ်နားမှုများပြုလုပ်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
.
အဆိုပါ ကုန်သည်လမ်းအပြင် မြို့မစျေးကြီးအနောက်ဘက်ရှိ လမ်းမပေါ်တွင်လည်း စည်းကမ်းပျက် ယာဥ်များကြောင့် လမ်းပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။