ကြာအင်းဆိပ်ကြီးမြိုန့ယ်တွင် ရော်ဘာခြံရှင်တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကြာအင်းဆိပ်ကြီးမြိုန့ယ်တွင် ရော်ဘာခြံရှင်တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့

.

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်တိုက်နယ်၊ ပုလိန်ကျေးရွာရှိ ရော်ဘာခြံရှင်တစ်ဦး၏ နေအိမ်ကို ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀၀ ကျော်ခန့်သည် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က ပုလိန် ကျေးရွာရှိ ရော်ဘာခြံရှင်တစ်ဦး၏ နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းမြိုင် ကျေးရွာကိုလည်း မီးရှို့သွားခဲ့ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

.

အဆိုပါ နယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိမ်းချုပ်ရာ ဒူးပလာယာခရိုင်၊ ဝင်းရေးမြိုနယ် နယ်မြေ ဖြစ်ပြီး KNLA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) ထိန်းချုပ်ရာ ဒေသလည်းဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် အဆိုပါဒေသ၌ စစ်ကောင်စီတပ်များရန်မှ ကင်းဝေးနိုင်ရန် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

.

Journal Download

Photo of three cats