ကွတ်ခိုင်တွင် မီးလောင်မှု ဖြစ်၍ မိန်းကလေးငယ်တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကွတ်ခိုင်တွင် မီးလောင်မှု ဖြစ်၍ မိန်းကလေးငယ်တစ်ဦး သေဆုံး


ကွတ်ခိုင်မြို့၊ ရပ်ကွက်(၇)၌ နိုဝင်ဘာလ ၂၇ ရက်၊ ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

သေဆုံးသူမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဖြစ်ပြီး ဖယောင်းတိုင်ကို အိပ်ယာဘေး၌ ထွန်းပြီးနောက် စာကျက်နေစဉ် အိပ်ပျော်သွားရာမှာ မီးက ခြင်ထောင်ကို မီးစွဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.

မီးလောင်မှုကြောင့် မိန်းကလေးငယ် သေဆုံးခဲ့ရသည့် အပြင် နေအိမ်လည်း မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ကျန် မိသားစုဝင်များမှာ ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ကြောင်းလည်း သိရသည်။

.



အဆိုပါ သေဆုံးသူ ရုပ်အလောင်းကို ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်း က ကွတ်ခိုင်ဆေးရုံသို့ ကူညီ သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats