၂၂၂၂၂ နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုများ၏ ဒုလ္လဘရဟန်းခံပွဲကို တောင်ကြီးမြို့ရှိ အောင်မြေဘုံစံသာမဏေကျော်ကျောင်းတိုက် (၈၈၈၈ ကျောင်း) ၌ ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
" အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ပြန်လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး ဘာသာရေးအရ ရဟန်း ခံကြတာပါ။ " ဟု အခမ်းအနားသို့ တက်ရောက်သူ တစ်ဦးက ပြောသည်။
.
ထို့အတူ နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုဝင်များ စုပေါင်း၍ ချစ်ကြည်ခြင်း၊ ညီညွတ်ခြင်း၊ စည်းလုံးခြင်း အသွင်ဆောင်၍ လက်ရည်တပြင်တည်း ဒေါင်းလန်းနှင့် စားကြသည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
အဆိုပါ ဒုလ္လဘရဟန်းခံပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၇ ဦးက ရဟန်းခံခြင်း ဖြစ်ပြီး ဘာသာပေါင်းစုံမှ နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုဝင်များက သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်ခြင်း၊ သိမ်ဆင်းလောင်းလှူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။