ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက နိုဝင်ဘာလ ၁၂ ရက်တွင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာရသူ အချို့ ရှိခဲ့သည်ဟု ကို ရှင်းလင်းနိုင်ခဲ့သည်ဟု အမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်သည်။
.
အဆိုပါ ဒေါငံခါးကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည့်အပြင် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်မှလည်း လက်နက်ကြီး ပစ်ကူများ အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး ထိခိုက်မှုမရှိဟုလည်း ဆိုသည်။