ကျိုင်းတုံ - တာချီလိတ် လမ်းဘေးချောင်း အတွင်းသို့ မော်တော်ယာဉ် တစ်စီး ထိုးကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံ - တာချီလိတ် လမ်းဘေးချောင်း အတွင်းသို့ မော်တော်ယာဉ် တစ်စီး ထိုးကျ



ကျိုင်းတုံ - တာချီလိတ် လမ်းဘေးရှိ နမ့်လင်းချောင်း အတွင်းသို့ ယနေ့ နိုဝင်ဘာလ ၂၈ ရက်၊ နေ့လယ် ၂ နာရီခန့်က မော်တော်ယာဉ် တစ်စီး ထိုးကျခဲ့ကြောင်း သိရသည်။

.

‌အဆိုပါ မော်တော်ယာဉ်သည် တာချီလိတ်မြို့မှ မိုင်းဖြတ်သို့ မောင်းနှင်လာစဉ် တာလေမြို့၊ နားယောင်းအုပ်စု၊ ကျတားကျေးရွာ အနီးတွင် အရှိန် မထိန်းနိုင်ဘဲ နမ့်လင်းချောင်းဘက်သို့ ထိုးကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

.



ယင်းကဲ့သို့ မော်တော်ယာဉ် အရှိန် မထိန်းနိုင်ဘဲ ချောင်းဘက်သို့ ထိုးကျသွားမှုကြောင့် ယာဉ်မောင်း အမျိုးသားနှင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် တာလေမြို့ လောကပါလ ပရဟိတ လူမှုကူညီရေးအသင်း က တာလေဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats