.
စစ်ကိုင်းတိုင်း၊
ယင်းမာပင်-ဆားလင်းကြီး လူထုသပိတ်ကော်မတီ စစ်ကြောင်းက ဒေသခံပြည်သူများ ပူးပေါင်း၍
ယနေ့ နိုဝင်ဘာ ၂၈ နံနက်ပိုင်းတွင် ၆၂၇ ရက်မြောက်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး
ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
.ထိုသို့ ဆန္ဒပြရာတွင်
“တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာသားပါ ဗီနိုင်းကို ကိုင်ဆောင်၍ စစ်အာဏာရှင်၏
အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသခဲ့ပြီး “လူထုတိုက်ပွဲ
အရှိန်မြှင့်ကြ၊ ဘုံရန်သူကိုချေမှုန်းကြ” ဟု ကြွေးကြော် ချီတက်ခဲ့ကြောင်း သိရသည်။
.