စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁ ရက်၊ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇)၊ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။
.
စစ်ကိုင်းခရိုင် (ပကဖ) ထုတ် ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်း တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၍ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
.
ဗုံးသီးချ တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်က သေနတ် ၂ ချက်သာ ပြန်လည် ပစ်ခတ်နိုင်ကြောင်းနှင့် တိုက်ခိုက်မှု အပြီးမှသာ စစ်ကူများ ရောက်ရှိလာပြီး ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။