ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သံတောင်မြောက်ပိုင်း တောင်ငူ - သံတောင်ကားလမ်းပေါ်ရှိ သံမိုးတောင်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက နိုဝင်ဘာလ ၂၆ ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
သံတောင် အထူးဒေသ တပ်ခွဲ (၃)၊ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄)၊ တပ်ခွဲ (၃ )(ဒေါင်းမင်းသား တပ်ဖွဲ့) တို့က ပူးပေါင်း၍ ၂ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု Bago Region PDF က ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီဘက်မှ အကျအဆုံး များပြီး အထိနာလျက်ရှိသောကြောင့် တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်းပစ်ကူပေးပြီး တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ပေါင်းစုဘက်မှ အထိအခိုက် အကျအဆုံး မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
သို့သောမလည်း စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှုနှင့် ဒဏ်ရာ ရရှိမှုများ ရှိသည့်အပြင် စစ်ကောင်စီက သံမိုးတောင်ရွာကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။