နာရေး ပို့ပြီး ပြန်လာသည့် စစ်အုပ်စု ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နာရေး ပို့ပြီး ပြန်လာသည့် စစ်အုပ်စု ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ



စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာ (ပျူ) ကျေးရွာ၌ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သော ပျူ‌စောထီး အဖွဲ့ဝင် တစ်ဦး၏ နာရေးကို ပို့ဆောင်ပြီး ပြန်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီအဖွဲ့သည် ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရကြောင်း သိရသည်။

.

ဒရုန်း ၅ စီးဖြင့် အကြိမ်ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်ဘက်မှ ၁၅ ဦးထက် မနည်း သေဆုံး၍ ၂၀ ဦးခန့် ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ထုတ်ပြန်ထားသည်။

.

အဆိုပါ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ ဦးဆောင်၍ Danger Force ၊ BRA ၊ MRTF ၊ ဇာမဏီ၊ နဂါးနီ (ကျောက်ဆည်) အဖွဲ့တို့ကပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats