မင်းတပ်တွင် စစ်ကောင်စီတပ်သားများမှ ဒေသခံ ၄၀ ဦးကို ဓါးစားခံအဖြစ် ဖမ်းဆီးသွားပြီး ပြည်သူအချို့ မီးရှို့ သတ်ဖြတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မင်းတပ်တွင် စစ်ကောင်စီတပ်သားများမှ ဒေသခံ ၄၀ ဦးကို ဓါးစားခံအဖြစ် ဖမ်းဆီးသွားပြီး ပြည်သူအချို့ မီးရှို့ သတ်ဖြတ်ခံရ

.

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလုံတွီကျေးရွာတွင် စစ်ကောင်စီတပ်များက ဒေသခံ ၄၀ ဦးကို ဓါးစားခံအဖြစ် ဖမ်းဆီး သွားပြီး ပြည်သူအချို့ မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း CDF-Mindat က ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထား သည်။

.

.

PDF ဝတ်စုံများ ဝတ်ဆင်ထားသော စစ်ကောင်စီတပ်သား ၅ ဦးသည် နိုဝင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ပလုံတွီကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီးနောက် အင်အား ၁၂၀ ခန့် ပါဝင်သော စစ်ကောင်စီစစ်ကြောင်း ရွာကို ဝင်စီးပြီး ဒေသခံ ၄၀ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဆိုပါစစ်ကြောင်းကို CDF-Mindat မှ အနီးကပ် ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးသွားခဲ့ပြီး ဓါးစာခံပြည်သူများရှိနေသည့်အတွက် စစ်ဆင်ရေးပြုလုပ်ရန် ခက်ခဲခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ထားသည်။

.

ထို့နောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဓါးစာခံများအနက်မှ အမျိုးသား ၇ ဦးကို လက်ပြန်ကြိုးတုပ်၍ အခြားတစ်နေရာ သို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်း ၇ ဦးအနက် ၆ ဦးမှာ ယခုအချိန်အထိ အဆက်အသွယ်မရသေးသောကြောင့် မီးရှိ့အသတ် ခံရသူများထဲတွင် ၎င်းတို့ပါဝင်နိုင်ပြီး ယခင်က ဖမ်းဆီးခံရသူ ၂ ဦး အပါအဝင် ပျောက်ဆုံးသူ ၉ ဦး အထိရှိနေကြောင်း သိရသည်။

.

စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် CDF-Mindat မှ နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်၏ လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့သော အလောင်း မီးရှို့ရာနေရာအား တွေ့ရှိရပြီး အလောင်းများအား မီးရှို့ပြီး နောက် ကျန်အရိုးစုများကိုလည်း ကြေမွအောင် ထုချေခဲ့သဖြင့် မိသားစုများ အသုဘခံရန်ပင် ဖြစ်နိုင်တော့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် တပ်ဆုတ်သွားခဲ့ပြီး အဖမ်းအဆီးခံ အမျိုးသားတစ်ဦးအားခေါ်ဆောင်သွားကာ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ထီးလင်းမြို့ထဲသို့ ပြန်လည်ဝင်ရောက် သွားခဲ့ကြောင်း သိရသည်။

.

CDF-Mindat အနေဖြင့် အဆက်အသွယ် မရရှိသေးသော သူများအား တောနင်းရှာ‌ဖွေမှုများ ဆောင်ရွက်လျက်ရှိပြီး ဓားစားခံ စစ်ဘေးရှောင်များနှင့် ရွာခံအများစုအား လုံခြုံရာသို့ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း CDF-Mindat က ဆိုသည်။

.

ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်များမှ အထုပ်အပိုးများ ပြင်ဆင်နေသဖြင့် ထီးလင်းနှင့် မင်းတပ်နယ်များတွင် သွားလာခြင်းမပြုရန် CDF-Mindat မှ အသိပေးထားသည်။

.

Journal Download

Photo of three cats