ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ အတွင်း ဖြတ်သန်းသွားလာခဲ့သော စစ်ကောင်စီ၏ လက်နက်/ရိက္ခာ ပို့ မော်တော်ယာဉ်ကို ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) က ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် မိုင်းဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု KRU က ထုတ်ပြန်သည်။
.
အဆိုပါ တိုက်ခိုက်မူအတွင်း စစ်ကောင်စီ မှ အင်အား အလုံးအရင်းဖြင့် အလျင်အမြန် စစ်ကူရောက်ရှိ၍ ပြန်လည် ဆုတ်ခွာခဲ့ရသော်လည်း အထိအခိုက် တစ်စုံတရာ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။