ပေါက်မြို့နယ်၊ ကိုင်းလယ်‌ရွာ ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်းတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပေါက်မြို့နယ်၊ ကိုင်းလယ်‌ရွာ ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်းတိုက်ခိုက်



ပေါက်မြို့နယ်၊ ကိုင်းလယ်‌ရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၂၆ ရက်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

.

ယောကာကွယ်ရေးတပ် - YDF ဦးဆောင်ပြီး ဗိုလ်နားပေါက်ဦးဆောင်တဲ့ YRF (Young Revolution Front)၊‌ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ People's Defense Force - Yenangyaung၊ ပခုက္ကူခရိုင် တပ်ရင်း (၇) တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရဲစခန်းရှိ ဘန်ကာ ၅ ခု နှင့် စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YDF က ထုတ်ပြန်သည်။

.

စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နောက်ဆုံးဘန်ကာကို ဖြိုခွင်းနေချိန် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

.

ယင်း တိုက်ခိုက်ရေး ရဟတ်ယာဥ်သည် တိုက်ပွဲဖြစ်ပွားရာ ဧရိယာကိုသာမက အနီးပတ်ဝန်းကျင် ကျေးရွာများကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

.

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရဲ အများအပြားအား သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့ဘက်မှ ၂ ဦး ကျဆုံး၍ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats