ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ ကင်းပုန်းစခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ ကင်းပုန်းစခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက်



ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို ကရင်နီပူးပေါင်းတပ်က နိုဝင်ဘာလ ၃ ရက်၊ နံနက် ၁၁ နာရီခွဲတွင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၄) တို့ ပူးပေါင်း၍ စစ်ကောင်စီ၏ ခမရ(၄၂၈) တပ်စခန်း ကင်းပုန်းကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု KNDF တပ်ရင်း(၄) က ဆိုသည်။

.

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်မှ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats