.
အရှေ့အလယ်ပိုင်းဒေသ
နိုင်ငံတစ်ခုဖြစ်သည့် ကာတာနိုင်ငံတွင် ယမန်နေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က စတင်
ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်ကာတာနိုင်ငံအသင်းက
အီကွေဒေါ အသင်းကို ရှုံးနိမ့်သွားသည့်အတွက် ၉၂ နှစ်အတွင်း အဖွင့်ပွဲစဉ် အိမ်ရှင်ရှုံးသည့်
အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ ကြောင်း သိရသည်။
.
.အဆိုပါအဖွင့်ပွဲစဉ်တွင်
အိမ်ရှင်ကာတာအသင်းနှင့် တောင်အမေရိကနိုင်ငံ အသင်းတစ်ခုဖြစ်သည့် အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ
ပွဲချိန်ပထမပိုင်းမှာပင် အီကွေဒေါအသင်းက ၂ ဂိုးသွင်းယူကာအနိုင်
ရသွားခြင်းဖြစ်ကြောင်း သိရသည်။
.
အီကွေဒေါအသင်းသည် ပွဲချိန်
၁၆ မိနစ်တွင် ပင်နယ်တီမှ ဗွေဆော်ဦးဂိုးကို ရရှိခဲ့ပြီး ပွဲချိန် ၃၁ မိနစ်တွင် ဒုတိယအနိုင်ဂိုး
ကို ထပ်မံရရှိကာ အုပ်စုအေတွင် ရမှတ် ၃ မှတ်ဖြင့် ဦးဆောင်နေသည်။
.
အုပ်စုအေမှ ဟော်လန်အသင်းနှင့်
ဆီနီဂေါအသင်းတို့သည် ယနေ့ နိုဝင်ဘာလ ၂၁ ရက်တွင် ယှဉ်ပြိုင်သွားရန် ရှိနေသည်။
.
ကာတာနိုင်ငံတွင် ကျင်းပနေသည့်
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသည် ၉၂ နှစ်အတွင်း ၂၃ ကြိမ်မြောက် ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဖြစ်ပြီး
ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း ရွှေ့ပြောင်း လုပ်သား
၆ ထောင်ကျော် အသက်ဆုံးရှုံးခဲ့ရသည့်အတွက် ဝေဖန်မှုများလည်း ရှိနေသည်။
.