မြိုင်မြို့နယ်၌ ရဲစခန်း အပါအဝင် ပြည်သူပိုင်နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြိုင်မြို့နယ်၌ ရဲစခန်း အပါအဝင် ပြည်သူပိုင်နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး





အာဏာသိမ်းစစ်ကောင်စီတပ်သည် မြိုင်မြို့နယ်ရှိ ရဲစခန်း အပါအဝင် ပြည်သူပိုင်နေအိမ် ၆၀ ခန့်ကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.

မီးရှို့ဖျက်ဆီးခံရသည့် ရဲစခန်းမှာ ဗဟင်းရဲစခန်း ဖြစ်ပြီး အချုပ်ခန်း၊ ဘန်ကာနှင့် အိမ်ယာများ အပါအဝင် စခန်း တစ်ခုလုံးကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ပြည်သူပိုင် နေအိမ်ကတော့ အလုံး ၆၀ လောက် မီးရှို့ခံရတာပါ။ ထူးဆန်းတာက သူတို့ရဲ့ ရဲစခန်းကိုပါ မီးရှို့သွားပြီး စခန်းကို စွန့်ခွာသွားဝာာပါ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။

.





မြိုင်မြို့နယ် အနောက်မြောက်ပိုင်းတွင် စစ်ကြောင်းထိုးလျက်ရှိသောစစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပါဝင်သည့် စစ်ကြောင်းက ဗဟင်းကျေးရွာသို့ ဝင်ရောက်ကာ ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats