.
ရခိုင်ပြည်နယ်တွင်
စစ်ရှောင်စခန်း တာဝန်ခံများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးမှုများ ရှိနေသည့်အတွက်
စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း
သိရသည်။
.
.ရခိုင်ပြည်နယ်အတွင်းရှိ
စစ်ရှောင်စခန်းများကို ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က အပြီး ဖျက်သိမ်းကာ စစ်ရှောင်များ
နေရပ်ပြန်ရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပြီးနောက် ယခုကဲ့သို့ စစ်ရှောင်စခန်း တာဝန်ခံ
များကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် စစ်ကောင်စီသည်
မြောက်ဦးမြို့ပေါ်နှင့် တိမ်ညိုကျေးရွာမှ စစ်ရှောင်စခန်းတာဝန်ခံများကို ရခိုင့်တပ်တော်
(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ
အဓိကထား ရှာဖွေနေကြောင်း သိရသည်။
.
ထို့အပြင် စစ်ရှောင်များကို
အကူအညီပေးနိုင်ရေးအတွက် ဖုန်းလိုင်းအခက်အခဲအပြင် လျှပ်စစ်မီးရရှိမှု အခက်အခဲ များကြောင့်
ဆက်သွယ်ရန် ခက်ခဲနေကြောင်း ဒေသခံများထံက သိရသည်။
.
ရခိုင်ပြည်နယ်တွင်
နိုဝင်ဘာလ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်
ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် အသက် ၈၀ ကျော် အဖိုးအိုတစ်ဦး
အပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.