လှိုင်သာယာ စက်မှုဇုန် (၂) တွင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လှိုင်သာယာ စက်မှုဇုန် (၂) တွင် မီးလောင်မှုဖြစ်ပွား

.

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဦးထွန်းညိုလမ်းရှိ စက်ရုံတစ်ရုံတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မီးလောင်မှုမှာ နံနက် ၁၁ နာရီ၊ ၁၈ မိနစ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မီးထိန်းနိုင် ခဲ့ကာ ၁၁ နာရီ ၅၄ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

မီးလောင်မှုဖြစ်ပွားသည့် စက်ရုံမှာ အထည်ချုပ်စက်ရုံဖြစ်သည်ဟု ပြောဆိုမှုများရှိနေပြီး အတည်ပြုနိုင်ခြင်း မရှိသေး သလို လူထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မသိရှိရသေးချေ။

.

Journal Download

Photo of three cats