.
ကျိုင်းတုံမြို့နယ်၊
ယန်းလောကျေးရွာအုပ်စု၊ နမ့်ခင်းချောင်းအနီးတွင် နိုဝင်ဘာလ ၂၇ ရက်က ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနရုံးပိုင် ဆိုလာရေတင်စနစ် ဆောင်ရွက်သည့် လျှပ်စစ်ပစ္စည်းများ ခိုးယူခံခဲ့ရကြောင်း
သိရသည်။
.
.ယန်းလောကျေးရွာအုပ်စုအတွင်း
ရာသီသီးနှံ စံပြစိုက်ခင်းများ ရေရှိရေးအတွက် နမ့်ခင်းချောင်း ဝဲ/ယာတစ်လျှောက် တွင်
ဆောင်ရွက်ထားသည့် ရေတင်မော်တာ ၂ လုံး၊ 10 MM DC ကေဘယ် အမျိုအစား မီးကြိုး အရှည် ၆၀ ပေ၊ 6 MM 2 DC ကေဘယ်အမျိုးအစား မီးကြိုးအရှည် ပေ ၄၀၀၊ DC
BREAKER နှင့် ဆိုလာအင်ဗာတာ ၁ လုံး၊
စုစုပေါင်းတန်ဖိုးငွေ ၁၄ သိန်းကျော်ခန့် ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လျှပ်စစ်ပစ္စည်းများ
ခိုးယူခံရမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး
ဥပဒေ ပုဒ်မ ၆(၁) ဖြင့် မှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.