ဖျာပုံတွင် အနုကြမ်းစီးသူကို အိမ်ရှင်သားအမိက ပြန်လည်ခုခံ ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖျာပုံတွင် အနုကြမ်းစီးသူကို အိမ်ရှင်သားအမိက ပြန်လည်ခုခံ ဖမ်းဆီး

.

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်က အနုကြမ်းစီးသူကို အိမ်ရှင်သားအမိက ပြန်လည်ခုခံ ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ဖျာပုံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ သားအမိ ၂ ဦး နေထိုင်သည့် နေအိမ်ကို အောက်တိုဘာလ ၃၁ ရက်၊ နံနက်ပိုင်းက လူတစ်ဦးမှ ဝင်ရောက်အနုကြမ်းစီးရာ အိမ်ရှင်အမျိုးသမီးနှင့် သားဖြစ်သူတို့က ပြန်လည်ခုခံပြီး ရပ်ကွက်ကို အော်ဟစ် အကူအညီ တောင်းခံခဲ့သည့်အတွက် အနီးပတ်ဝန်းကျင်နေထိုင်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါအနုကြမ်းစီးသူကို ရဲလက် အပ်နှံခဲ့ပြီး ပြန်လည်ခုခံခဲ့သည့် သားအမိ ၂ ဦးတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည့် အတွက် ဖျာပုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

.

Journal Download

Photo of three cats