အာဏာသိမ်း စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ နိုဝင်ဘာလ ၂၁ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးမြို့နယ်အတွင်းမှ အဘွားအို တစ်ဦး ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
.
" နေ့လယ်ပိုင်းကနေ ညနေပိုင်းထိ စစ်တပ်က လက်နက်ကြီးနဲ့ ၁၅ ချက်ကျော်လောက် ပစ်တာ။ အိပ်ယာထဲက အဘွားအိုကို ကျည်ထိပြီး ဆုံးသွားတာ။ တခြားဒဏ်ရာ ရတဲ့သူတွေလည်း ရှိသေးတယ်။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များသည် ဆည်ကြီးရွာနှင့် ဒွန်းဝိုင်းချောင်းရွာသို့ ကျရောက်ကာ အိပ်ယာထဲ လှဲနေသည့် အဘွားအိုကို ထိမှန်၍ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ကလေးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့နေသည့်အတွက် ပြည်သူများ အနေဖြင့် ကလေး-တမူး ကားလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းကို လုံးဝမပြုလုပ်ကြရန် People's Defence Force (Kalay) က နိုဝင်ဘာ ၂၀ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။