ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၌ ယနေ့ နိုဝင်ဘာလ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီခန့်က အရပ်သား ကလေးငယ် ၃ ဦး မိုင်းနင်းမိ၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အသက် ၁၂ နှစ် ၊ ၁၅ နှစ် နှင့် ၁၆ နှစ်အရွယ် ကလေးငယ် ၃ ဦးသည် မိုးဗြဲမြို့ပြင် တစ်နေရာတွင် မိုင်း နင်းမိကာ တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ကျန် ၂ ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။
.
၎င်းတို့ကို Mobye Rescue Team က တော်လှန်ရေး မဟာမိတ်များနှင့် ပူးပေါင်းကာသွားရောက် ကယ်ထုတ်ပြီး ဆေးဝါးကုသပေးခဲ့သည်ဟု သိရသည်။
.
ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း ပြုလုပ်ရာတွင် အထူးဂရုစိုက် ဆင်ခြင်ရန်ကိုလည်း Mobye Rescue Team က သတိပေးထားသည်။