လွိုင်ကော်-မော်ချီးလမ်းအား တစ်ပတ်လျှင် ၃ ရက် ကန့်သတ်ချက်ဖြင့် သွားလာခွင့်ပြုကြောင်း အသိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်-မော်ချီးလမ်းအား တစ်ပတ်လျှင် ၃ ရက် ကန့်သတ်ချက်ဖြင့် သွားလာခွင့်ပြုကြောင်း အသိပေး



ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော် - မော်ချီးလမ်းအား တစ်ပတ်လျှင် ၃ ရက် ကန့်သတ်ချက်ဖြင့်  သွားလာခွင့်ပြုကြောင်း ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
.
အဆိုပါ ထုတ်ပြန်ချက်ကို လမ်းဖွင့်ထားစဉ်အတွင်း ဂိတ် ၃ ဂိတ်နှင့် ပြည်သူများ လုပ်ဆောင်ရမည့်ကိစ္စဟု အကြောင်းအရာတွင် ဖော်ပြထားသည်။
.
တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူး ၃ ရက်သွားလာခွင့် ပြုမည် ဖြစ်ပြီး ဘိလပ်မြေ၊ သံတိုသံစ၊အိမ်ဆောက်ပစ္စည်းများကို သယ်ဆောင်ခွင့် မပြုကြောင်းနှင့် ကန့်သတ်ကုန် သယ်ဆောင်လာသည့် ယာဉ်များကို သိမ်းဆည်းသွားမည်ဟု ဖော်ပြပါရှိသည်။
.
သတ်မှတ်ရက်များ၌ နံနက် ၆ နာရီမှ ညနေ ၅ နာရီအတွင်းသာ သွားလာရန်နှင့် ကန်တာ ၁၄ ပေ၊ ဒန်ဘာ ၃ ကျင်းယာဉ်များ အထိသာ ခွင့်ပြုမည်ဖြစ်ပြီး
နွား၊ ဝက်သယ်ဆောင်မည့် ယာဥ်များလည်း သတ်မှတ်ရက်အတိုင်း ဖြတ်သန်းရမည်ဟု ဆိုသည်။
.
ပြည်နယ် ပြင်ပမှ ရွှေ့ပြောင်းလုပ်သားများ၊ ဆိုင်ကယ်ကုန်စိမ်းရောင်းသူများကိုမူ လုံးဝ ဝင်ရောက်ခွင့် မပြုကြောင်း တားမြစ်ထားသည်။
.
အဆိုပါ သတိပေး ထုတ်ပြန်ချက်ကို ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ KNDF ဗဟိုကော်မတီနှင့် သက်ဆိုင်ရာဌာနများ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats