ဇီးပြားစခန်းသို့ ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဇီးပြားစခန်းသို့ ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်



မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားစခန်းသို့ ရိက္ခာပို့သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကျွန်းတိုင်ရွာအနီး၌ နိုဝင်ဘာလ ၂၀ ရက်၊ နေ့လယ်ပိုင်းတွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

မြိုင်မြို့နယ် ပကဖ တပ်ရင်း(၁)၊ မြွေပွေး ပျောက်ကျားတပ်ဖွဲ့နှင့် တိမ်လွှာမုတ်ဆိတ်အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံး၍ ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မြိုင်မြို့နယ် က ထုတ်ပြန်သည်။

.

တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ကျွန်းကိုင်းရွာ အနောက်ပိုင်းအား မီးရှို့သဖြင့် အိမ်ခြေ ၁၃ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

Journal Download

Photo of three cats