တန့်ယန်းတွင် ထော်လီဂျီ မှောက်၍ ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တန့်ယန်းတွင် ထော်လီဂျီ မှောက်၍ ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့၊ ရပ်ကွက် (၇)၊ ရေဆိပ်လမ်းမှ ကျောက်တောင်သွား လမ်းပေါ်၌ ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ထော်လီဂျီ မှောက်၍ ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

.

" ၈ နာရီခွဲလောက်မှာ မှောက်တာ။ အမျိုးသမီး ၁ ဦးတော့ ဆုံးသွားတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

.

ထော်လာဂျီ တိမ်းမှောက်‌ကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၍ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သေဆုံး၊ ဒဏ်ရာ ရသူများကို မီးသတ်တပ်ဖွဲ့က ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats