တောင်ကြီးတွင် ရေမီတာပါ ဖြုတ်ခိုးခံရသည်ထိ သူခိုးများ သောင်းကျန်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ရေမီတာပါ ဖြုတ်ခိုးခံရသည်ထိ သူခိုးများ သောင်းကျန်းနေ


တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း ငွေဖြစ်လွယ်သည့် ပစ္စည်း မှန်သမျှ ခိုးယူခံရမှုများ ဖြစ်ပွားနေရာ ယခုရက်ပိုင်းတွင် ရေမီတာ နှင့် ရေပိုက်များပါခိုးယူခံရသည်ထိ သူခိုးများ သောင်းကျန်းနေကြောင်းသိရသည်။

.

ခိုးယူသူများသည် မြို့ပေါ်ရပ်ကွက်များအတွင်း ပုံစံမျိုးစုံဖြင့် သွားလာနေကြပြီး အလစ်အငိုက်ကိုစောင့်ဆိုင်း၍ ခိုးမှု ကျူးလွန်နေကြခြင်းဖြစ်ကာ ဆိုင်ကယ်၊ လက်ကိုင်ဖုန်း၊ ကားဘက်ထရီ အပါအဝင် ငွေဖြစ်လွယ်သည့် ပစ္စည်းမှန်သမျှကို ခိုးယူနေကြခြင်းဖြစ်ကြောင်း သိရသည်။

.

" ရတဲ့ဟာ အကုန်ကို ခိုးနေကြတာ။ အိမ်နားမှာ လွယ်လွယ်ကူကူ ဘာပစ္စည်းမှ မထားရဲအောင်ကို ဖြစ်နေတာ။ အခုဆို တန်ဖိုးကြီးတဲ့ ပစ္စည်းအပြင် ရေမီတာနဲ့ရေပိုက်တွေပါ ဖြုတ်ခိုးလာတာဆိုတော့ သူခိုးတွေတော်တော်ကြီး ဆိုးရွားလာတယ်လို့ ပြောရမှာပေါ့။" ဟု ရေမီတာ အခိုးခံရသူ တစ်ဦးက ပြောသည်။

.



တောင်ကြီးမြို့တွ င်ပစ္စည်းခိုးယူမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အပြင် ဖောက်ထွင်းခံရမှုများလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။

.

" အိမ် ဖောက်ခံရတာကတော့ အကြောင်းသိထဲက လုပ်တာတွေ များပါတယ်။ ပစ္စည်းခိုးတာတွေကြတော့ ကောက်တို တွေကို အဓိက သတိထား စောင့်ကြည့်ဖို့ လိုပါတယ်။" ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

ကောက်တို ဆိုသည်မှာ ပလပ်စတစ် လိုက် ကောက်ပြီး လူလစ်လျှင် ပစ္စည်းများကို ခိုးယူသူကို ဆိုလိုသည်ဟု ၎င်းက ရှင်းပြသည်။

.

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာနေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာသည့်အပြင် လောင်းကစားဝိုင်းများကို တရားဝင်သဖွယ် ပြုလုပ်ခွင့် ပေးထားခြင်းကြောင့် ခိုးဆိုးလုယက်သူများ သောင်းကျန်းလာနေခြင်း ဖြစ်ကြောင်း မြို့ပေါ်နေပြည်သူများက ဝေဖန်နေကြသည်။

Journal Download

Photo of three cats