စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာအား မီးရှို့ပြီး ကျောင်းဖြူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဝက်လက်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲအတွင် စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးနိုင်ကြောင်းနှင့် ၎င်းတို့ဘက်တွင်လည်း မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်ဟု တောကြီးမြွေပွေးအဖွဲ့က ထုတ်ပြန်ထားသည်။
.
အဆိုပါ တိုက်ပွဲကို တောကြီးမြွေပွေး ၊ ဒေါင်းစစ်သည်၊ ကောင်းကင်တော်လှန်ရေး အင်အားစု၊ ဗိုလ်ကျားကြီး၊ တော်လှန်ရေးညီနောင်များနှင့် ပ.က.ဖ များ စုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။