ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းခုံးကျော်တံတားပေါ်မှ အမျိုးသား တစ်ဦး ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းက ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်နှင့် (၂) ရပ်ကွက် ဆက်သွယ်ထားသည့် သမိုင်းခုံးကျော်တံတား (ရထားလမ်းခုံးကျော်တံတား) ပေါ်မှ ခုန်ချပြီးနောက် တံတားအောက် ဗဟိုလမ်းမပေါ်တွင် လဲကျနေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသားမှာ လူလတ်ပိုင်းအရွယ် ဖြစ်ကာ လူမှုကူညီရေး အဖွဲ့များက သွားရောက် ကူညီကာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
ယမန်နေ့ နိုဝင်ဘာလ ၇ ရက်၊ ညပိုင်းကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်မေတ္တာလမ်း၌ ပံ့သကူ ကောင်းရင်း အမျိုးသား တစ်ဦး ချော်လဲ၍ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။