.
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊
မြိတ်တောင်ကျေးရွာအုပ်စုရှိ ငါးအမှုန့်ကြိတ်စက်ရုံတစ်ခုတွင် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊
ညပိုင်းက အမျိုးသား ၆ ဦး ငါးကန်အတွင်း ပြုတ်ကျရာမှ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊
အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ ည
၈ နာရီခန့်က ငါးကန်အတွင်း မော်တာချိန်းကြိုးပြုတ်ထွက်သွားသဖြင့် ပြန်လည်ဆယ်ယူရန် ကန်အတွင်းဆင်းရာမှ
အောက်စီဂျင်ပြတ်လပ်၍ အမျိုးသား ၆ ဦး ကန်အတွင်း ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပြုတ်ကျသွားသူများအား
မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ
ပြုတ်ကျသွားသူ ၆ ဦးအနက် ၃ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၃ ဦး သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
သေဆုံး၊ ဒဏ်ရာရရှိသူများအား
လူမှုရေးအသင်းအဖွဲ့များမှ လူနာတင်ယာဉ်များဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း
မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
.
[ Photo – MFSD ]
.