မြိတ်-တနင်္သာရီလမ်း၊ တုံးဗျောကျေးရွာတွင် တိုက်ပွဲဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြိတ်-တနင်္သာရီလမ်း၊ တုံးဗျောကျေးရွာတွင် တိုက်ပွဲဖြစ်ပွား

.

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မြိတ်-တနင်္သာရီကားလမ်း၊ တုံ‌ဗျောကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

မြိတ်မြို့နယ် တုံးဗျောကျေးရွာအနီးတွင် စစ်ကောင်စီတပ်က ဂိတ်စခန်းဖွင့်ရန် တည်ဆောက်နေသည့် စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗျောကျေးရွာအုပ်စုအတွင်းရှိ တုံးဗျောငယ်၊ တုံးဗျောကြီး၊ ကင်တပ်နှင့် မော်တရုပ်ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ ကြောင်း သိရသည်။

.

Journal Download

Photo of three cats