စစ်ကောင်စီတပ်၏ ကရင်နီ (ကယား)ပြည်နယ်၊ ငွေတောင်အခြေစိုက် ခလရ(၁၀၂)၌ သေဆုံး တပ်သားများကို ဖြစ်သလို သင်္ဂြိုလ်နေသည့် ရုပ်သံဖိုင် တစ်ခုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် ထုတ်ပြန်လာသည်။
.
အဆိုပါ ရုပ်သံဖိုင်မှာ ပြီးခဲ့သည့် မတ်လ ၇ ရက်ကဖြစ်ပွားသော တိုက်ပွဲအတွင်း သေဆုံးသွားသော ခလရ(၁)မှ ဗိုလ် မြတ်သူရဇော်၊ တပ်ကြပ် ကျော်ဝင်းရွှေ၊ တပ်သား ရင်မင်းကို၊ တပ်သား အေးချမ်းနှင့် ခမရ(၃၅)မှ တပ်သား ဘိုဘိုဇင်တို့အား အမိန့်ပြန်တမ်း ဖတ်ကာ သင်္ဂြိုလ်သော ရုပ်သံ ဖြစ်ကြောင်း သိရသည်။
.
“ပုံမှန် သတင်းထုတ်ပြန်နေကျ ပုံစံမဟုတ်တဲ့ တစ်ခု တင်ပြပေးလိုက်ပါတယ်။ စကစရဲ့နောက်လိုက်များ ဇာတ်သိမ်း ပုံပါ။ အခေါင်း မပြောနဲ့ ဖိနပ်လေး အဝတ်လေးတောင် မလဲပေးဘူး ဘာဂုဏ်သိက္ခာမှ မရှိ။ အလံလည်း အတည့်လား ပြောင်းပြန်လား မသိ ဖြစ်သလိုနေ ဖြစ်သလိုသေပါပဲ” ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။