.
ကချင်ပြည်နယ်၊
ဖားကန့်မြို့နယ်တွင် အနန့်ပါဒေသမှ ကျဆုံးပြည်သူများအတွက် ဝမ်းနည်းခြင်း
အထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ချေမှုန်းရေး
ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
.
အဆိုပါ ဆန္ဒပြသပိတ်စစ်ကြောင်းကို
ဖားကန့်မှော်လှည့်သပိတ်အဖွဲ့က ဦးဆောင်ပြီး “လှူတဲ့သူက လှူ၊ ကူတဲ့သူက ကူ၊ ငါတို့နိုင်ကိုနိုင်ရမည်”၊
“အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ”၊ ဆိတ်သုဉ်းနေတဲ့
လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ၊ ဖားကန့်သားတွေ” စာသားများ ကိုင်ဆောင်ကာ
ချီတက်ခဲ့ကြကြောင်း သိရသည်။
.