.
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊
ပျားရွာကို ယမန်နေ့ နိုဝင်ဘာလ ၈ ရက်၊ ညပိုင်းက စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည့် အတွက်
ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင်
ဒေသခံ ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။
.
.စစ်ကောင်စီတပ်က အိမ်ခြေ
၃၀ ခန့်ကို မီးရှို့သွားခဲ့ပြီး ပစ်သတ်ခံရသူ အမျိုးသားသည် ယနေ့ နံနက်ပိုင်းတွင် ရွာသို့ပြန်စဉ်
စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပျားကျေးရွာအနီးတွင်
ယမန်နေ့ နိုဝင်ဘာလ ၈ ရက်၊ ညနေ ၄ နာရီခန့်က ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့
တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ပြီဂ ညနေ ၆ နာရီခန့်တွင် စစ်ကောင်စီတပ်က
ကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.