မူဆယ်မြို့၊ တောင်းရပ်ကွက်ရှိ အသက် ၈၀ အရွယ် အဘိုး၊ အဘွား နှစ်ဦးတည်း ရှိနေသည့် နေအိမ်ကို နိုဝင်ဘာလ ၂၅ ရက်က အမည်မသိ အမျိုးသား ၆ ဦးက ဝင်ရောက် ဓါးပြတိုက်ခဲ့ကြောင်း သိရသည်။
.
အမည်မသိ အမျိုးသား ၆ ဦးသည် အဘိုး၊အဘွား နှစ်ဦးတည်း ရှိနေစဥ် တံခါးဖွင့်ခိုင်းပြီးနောက် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်၍ ဓါးပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေနတ်ပြ ခြိမ်းခြောက်၍ ဓါးပြတိုက်မှုကြောင့် တရုတ်ငွေ ယွမ် ၂ သိန်း၊ မြန်မာငွေ ကျပ်သိန်း ၇၀ နှင့် မြေဂရမ် ၅ ခုတို့ ပါသွားကြောင်း သိရသည်။
.
မူဆယ်မြို့တွင် အလားတူ ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေလျက် ရှိသော်လည်း ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်မှု မရှိသလောက် နည်းပါးနေကြောင်း သိရသည်။