တနင်္သာရီမြို့နယ်၊ သမုတ်ချုံးရွာ၌ တိုက်ပွဲ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တနင်္သာရီမြို့နယ်၊ သမုတ်ချုံးရွာ၌ တိုက်ပွဲ ဖြစ်


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း(၂)၊ တပ်ခွဲ(၂)နှင့် တနင်္သာရီကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တနင်္သာရီမြို့နယ်၊ သမုတ်ချုံးရွာ၌ နိုဝင်ဘာလ ၆ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း PDF Myeik District ၏ ယနေ့ နိုဝင်ဘာလ ၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း(၂) အနေဖြင့် ယခင်ထက် ပို၍ စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်၍ သတိရှိစွာ နေထိုင်သွားလာကြရန် ပြည်သူများအား သတိပေးထားသည်။

Journal Download

Photo of three cats