ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၇ ကျောင်းရှိကလေး ၆၆၀ ဦးကို အာဟာရ ဖြစ်စေရန် ရည်ရွယ်၍ နိုဝင်ဘာလ ၁၁ ရက်တွင် Mobye Rescue Team က အစားအစာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အာဟာရ ကျွေးမွေးခြင်းကို တစ်ပတ်လျှင် တစ်ကြိမ် နှုန်းဖြင့် ကျွေးနေခြင်း ဖြစ်သည်ဟု Mobye Rescue Team က ဆိုသည်။
.
လူထု တောင့်ခံနိုင်မှု ပိုမို အားကောင်းလာစေရေးအတွက် အဘက်ဘက်မှ ပါဝင်လှူဒါန်းကြသောအလှူရှင်များကို အထူး ကျေးဇူးတင်ရှိကြောင်းနှင့် ထပ်မံ လှူဒါန်းပေးကြရန်ကိုလည်း Mobye Rescue Team က ဖိတ်ခေါ်ထားသည်။
.
ကူညီ လှူဒါန်းလိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၉၇၆၁၃၅၀၁၈၁ သို့ လည်းကောင်း၊ Mobye Rescue Team ၏ Facebook စာမျက်နှာတွင် လည်းကောင်း ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။