ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာမှ ပြည်သူ့နေအိမ် ၃၄ လုံး မီးရှို့ဖျက်ဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာမှ ပြည်သူ့နေအိမ် ၃၄ လုံး မီးရှို့ဖျက်ဆီးခံရ




အာဏာသိမ်း စစ်ကောင်စီတပ်က ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ကျေးရွာအား နိုဝင်ဘာလ ၂၄ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံပြည်သူများ၏ နေအိမ် ၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

.

ဝါးရင်းချိုင်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၆၁ လုံးရှိသည့်အနက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၄ လုံး မီးလောင်ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.

မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၁၈ ရက်က စတင်၍ ထီးလင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်း ဖြစ်ကာ စုစုပေါင်းကျေးရွာ ၁၁ ရွာမှ အိမ်ခြေပေါင်း ၁၆၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။





Journal Download

Photo of three cats