ဖြူးမြို့နယ်၊ ကညွတ်ကွင်းနယ်မြေရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖြူးမြို့နယ်၊ ကညွတ်ကွင်းနယ်မြေရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ

.

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းနယ်မြေရဲစခန်းအရှေ့၊ ရန်ကုန်-မန္တလေးလမ်းမဘေးတွင် ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်၊ ညပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

.

.

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်၊ ည ၁၀ နာရီခန့်က အပြင်မှ ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် ရဲများကို ဖြူးမြို့နယ် နဂါးပတ်မြို့ပြပြောက်ကျားအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကညွတ်ကွင်းနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဓနုတွင် ဝမ်းဗိုက် မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သား ကောင်းထက်ကျော်နှင့် ဝေယံတို့တွင် ခြေထောက်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ သည်ဟု သိရသည်။

.

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် နဂါးပတ်မြို့ပြပြောက်ကျားအဖွဲ့အဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats