.
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊
ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းတွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က
မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း၊
မိုင်တိုင်အမှတ် (၁၇/၅) အနီးတွင် Pajero
အမျိုးအစား မော်တော်ယာဉ်သည် အရှိန်လွန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး
ယာဉ်ပေါ်ပါသူ ၅ ဦးအနက် အမျိုးသမီး ၃ ဦး သေဆုံးကာ အမျိုးသမီးတစ်ဦးတွင် စိုးရိမ်ရ ဒဏ်ရာနှင့်
အမျိုးသားတစ်ဦးတွင် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထား
သည်။
.
အဆိုပါ သေဆုံး၊ ဒဏ်ရာရလူနာများအား
တောင်ဇင်းမေတ္တာရှင် လူမှုကူညီရေးအသင်း၊ Bagan Rescue အသင်းနှင့် အမှတ် (၅) အရန်မီးသတ်တို့မှ လူနာတင်ယာဉ်များဖြင့်
ညောင်ဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
[ Photo – MFSD ]
.