ကိုမြင့်‌ဌေးနှင့် ကိုဝင်းကို တို့ ပြန်လည် လွတ်မြောက်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုမြင့်‌ဌေးနှင့် ကိုဝင်းကို တို့ ပြန်လည် လွတ်မြောက်လာ


ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရသူများ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမြင့်‌ဌေး (ခ) ကိုဘယ်ကျော် နှင့် ပြည်သူ့ပါတီမှ ကိုဝင်းကို တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်တွင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

.

၎င်းတို့ ၂ ဦးကို ၈၈ မျိုးဆက် ​ကျောင်းသား​ဟောင်းလည်း ဖြစ်၊ NLD တောင်ကြီးခရိုင်အတွင်းရေးမှူးဟောင်းလည်း ဖြစ်သူ ဦးညီညီရွှေ နှင့်အတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင် စစ်ကောင်စီ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး လွတ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

.

ကိုညီညီရွှေသည်လည်း ယခု ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်မည် ဖြစ်ကြောင်း သိရသည်။

.

ကိုမြင့်ဌေး (ခ) ကိုဘယ်ကျော် သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်တွင် လည်းကောင်း၊ ကိုဝင်းကို သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် လည်းကောင်း၊ ကိုညီညီရွှေသည် ဖေဖော်ဝါရီလ ၂၀ ရက်တွင် လည်းကောင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

Journal Download

Photo of three cats