စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်၍ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်ဆီးကာ၊ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်၍ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်ဆီးကာ၊ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရ


ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ရွာသို့ နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၈ နာရီကျော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် အချို့ပျက်ဆီးခဲ့ရပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

ဒေသခံ ပြည်သူများ စစ်ဘေးရှောင် ခိုလုံ‌‌နေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဒေသခံ အမျိုးသမီး ပြည်သူ ၂ ဦး ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်းနှင့် အနီးဝန်းကျင်ရှိ နေအိမ်အချို့ ပျက်ဆီးခဲ့ရခြင်း ဖြစ်သည်။

.




ထို့အတူ ဘုန်းကြီးကျောင်းဝန်းအတွင်း ရပ်ထားသည့် ကားနှင့် ထော်လာဂျီများလည်း လက်နက်ကြီးကျည် ထိမှန် ပျက်ဆီးခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည့် ပြီးခဲ့‌သည့် နိုဝင်ဘာလ ၄ ရက်ကလည်း ကုန်းဆွတ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်အချို့ မီးလောင် ပျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats