ရန်ကုန်မြို့ တစ်နေရာ၌ ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
"အဖိနှိပ်ခံတို့ ညီညွတ်ကြ စစ်သုံးစစ်ကို အမြစ် ဖြတ်ကြ" စာတန်းအား ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံမျဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
.
အဆိုပါ ဆန္ဒပြမှုကို မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁) လသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ-YRSC တို့ ပူးပေါင်း၍ ပြလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။