စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ စစ်ကောင်စီ ထုတ်ကုန်များ ရောင်းချနေသည်ြ ကုန်စုံဆိုင်ကို PDF ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၁၁ ရက်တွင် ဖမ်းဆီး ထိန်းသိမ်း၍ ဖျက်ဆီးခဲ့သည်ဟု သိရသည်။
.
Dragon၊ Mandalay Rum၊ Myanmar Beer ၊ Andama Gold၊ Mytel sim card၊ Mytel bil နှင့် အခြားသော Boycott ပစ္စည်းများ တင်သွင်းရောင်းနေသည့် ကုန်စုံဆိုင်ကို ပထမအကြိမ် အဖြစ် နှုတ်ဖြင့် လည်းကောင်း၊ ဒုတိယအကြိမ် စာဖြင့် လည်းကောင်း သတိပေးခဲ့သော်လည်း လိုက်နာမှု မရှိခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း Chindwin Galone Yarzar Guerrilla Defense Force က ထုတ်ပြန်သည်။
.
အဆိုပါ လုပ်ဆောင်မှုကို Chindwin Galone Yarzar Guerrilla Defense Force နှင့်အတူ Triple Two Task Force ၊ Monywa Trust Of Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီ ထုတ်ကုန်များအား ရောင်းချခြင်း၊ သုံးစွဲခြင်း မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။