မြိတ်သို့ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မြိတ်ခရိုင်တပ်ရင်း(၁) က မိုင်းခွဲတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြိတ်သို့ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မြိတ်ခရိုင်တပ်ရင်း(၁) က မိုင်းခွဲတိုက်ခိုက်



ပုလောမြို့ (၂၈၅) တပ်ရင်းမှ မြိတ်သို့ ဆင်းလာသည့် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) က ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

မင်းထိတ်ကျေးရွာအနီး၌ မိုင်း ၆ လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) က ဆိုသည်။

.

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက် မနည်း ထိခိုက်ကျဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် ၎င်းတို့ဘက်မှ ထိခိုက်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ခရီးသည်တင် မော်တော်ယာဉ်လိုင်းများနှင့် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စစ်ကောင်စီယာဉ်တန်းများနှင့် နီးနီးကပ်ကပ် မောင်းနှင်းသွားလာခြင်းအား တတ်နိုင်သမျှ အတတ်နိုင်ဆုံး ရှောင်ရှားကြရန်၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာပေးရန်ကိုလည်း မေတ္တာရပ်ခံထားသည်။

Journal Download

Photo of three cats