ကရင်နီပြည်ရဲ ပါဝင်သည့် ပူးပေါင်း တပ်ဖွဲ့က စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀ ပြားကျော်ကို တရားခံများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ကရင်နီပြည်ရဲ၊ အမှတ်(၁)ရဲစခန်းမှ အဖွဲ့ဝင်များ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၈)၊ KNDF CDM မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေ အတွင်းရှိ ကျေးရွာတာဝန်ခံများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သတင်းအရ ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် ကရင်နီပြည်ရဲ က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ကရင်နီပြည်ရဲ၊ အမှတ်(၁)ရဲစခန်း စိုးမိုးနယ်မြေအတွင်း ၌တရားခံ ၃ ဦး ထံမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၅၃၅ ပြားနှင့်အခြား သက်သေခံပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်ကလည်း ကရင်နီပြည်ရဲ၊ ညောင်ပင်လုံခြုံရေးရဲကင်းမှ အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သစိတ်ကြွရူးသွပ်ဆေးပြား ၂၅၈၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။