ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်အလောင်းဖျောက်ဖျက်ပြီး ရွာကို မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်အလောင်းဖျောက်ဖျက်ပြီး ရွာကို မီးရှို့ဖျက်ဆီး

.

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်များသည် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်က ပြည်သူ ၄ ဦးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ကာ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Imformation Network က ထုတ်ပြန်ထားသည်။

.

.

ထန်းကြီးဘူတာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက ပြည်သူ ၄ ဦးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ကာ ဘူတာအနောက်ဘက်ရှိ နေအိမ်တစ်လုံးတွင် ထည့်၍မီးရှို့ကာ အလောင်း ဖျောက်ဖျက်သွားခဲ့ကြောင်း သိရသည်။

.

ထို့နောက် ထန်းကြီးဘူတာမှ မီးရှို့ပြီး ထွက်လာသော စစ်ကောင်စီတပ်များသည် ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့် တွင် ထန်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအနောက်ပိုင်း၊ တောင်ပိုင်းနှင့် ရွာအလယ်ပိုင်းတို့အား မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်းကြီးကျေးရွာရှိ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးသည့် နေအိမ်အရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း Wetlet Imformation Network က ဖော်ပြထားသည်။

.

အဆိုပါ ထန်းကြီးကျေးရွာမှ မီးရှို့ပြီး ထွက်လာသော စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က လမ်းတွင် စောင့်ဆိုင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျားသစ်နက် ပျောက်ကြားအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

.

ထန်းကြီးကျေးရွာ ဒေသခံများအနေဖြင့် ပြေးလွှားတိမ်းရှောင်နေရသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းပေးကြရန်လည်း Wetlet Imformation Network က မေတ္တာရပ်ခံထားသည်။

.

အလားတူ ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင်လည်း စစ်ကိုင်းမြို့နယ်၊ ကျောင်းဖြူကျေးရွာတွင် တပ်စွဲထား သော စစ်ကောင်စီတပ်များသည် ကျောင်းဖြူကျေးရွာရှိ ပြည်သူပိုင် အိုးအိမ်၊ ပစ္စည်းများကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

.

Journal Download

Photo of three cats