.
ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင်
နိုဝင်ဘာလ ၂၁ ရက်၊ ညပိုင်းက ရှမ်းပြည်နယ်မှ သယ်ဆောင်လာသည့် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ
မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.ပူးပေါင်းအဖွဲ့သည်
နိုဝင်ဘာလ၂၁ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊
ဘုရားကြီး-ဝေါသွား ကားလမ်း၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ဘုရားကြီးဘက်မှ
မော်လမြိုင်ဘက်သို့ စောအယ်တူလို
မောင်းနှင်ပြီး စောအယ်ဒိုထူး လိုက်ပါလာသည့် TOYOTA TOYOACE ၆
ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံ
ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄ သိန်း၊ အိုက်စ် ၂ ကီလိုနှင့်
မော်တော်ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
စစ်ဆေးဖော်ထုတ်ချက်အရ
သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မွန်ပြည်နယ်သို့ သယ်ဆောင် လာခြင်းဖြစ်ကြောင်း
သိရပြီး ၎င်းတို့အား ဥပဒေအရအရေးယူကာ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း
သိရသည်။
.